ရန်ကုန် နိုဝင်ဘာ ၂၆
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမ၌ မြန်မာ-ဗီယက်နမ်ကုန်စည်ပြပွဲ ၂၀၂၄ ကို နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြပွဲဖွင့်ပွဲအခမ်းအနားကို
ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာပြပွဲခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ
ဗီယက်နမ်သံရုံးမှ စီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် ဗဟို အလုပ်အမှုဆောင်များ၊ ပြပွဲဖြစ်မြောက်ရေး
ပါဝင်ကူညီပံ့ပိုးပေးကြသော မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ပဲ၊ ပြောင်း၊
နှမ်း ကုန်သည်အသင်း၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်ရောင်းချသူများအသင်းနှင့်
အခြားအသင်းအဖွဲ့များ၊ sponsor အဖြစ် ကူညီပံ့ပိုးသော မြန်မာ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း
(MAI)၊ UABဘဏ်၊ Mytel၊ အောင်ဘာလေနှင့် မြန်မာနိုင်ငံခရီးသွားဘဏ်တို့မှ တာဝန်ရှိသူများနှင့်
ဧည့်သည်တော်များ တက်ရောက် ကြသည်။
ပြပွဲတွင် မြန်မာနိုင်ငံနှင့်
ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၁၂၀ ဖြင့် ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း
၉၇ ခုကို ပြသခဲ့ကြောင်း သိရပြီး လူသုံးကုန်၊ စားသောက်ကုန်၊ စက်မှုနှင့် အိမ်သုံးမီးအား
မြှင့်စက်များ၊ ကြွေထည်နှင့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊ ဖိနပ်၊ အိုင်တီနည်းပညာနှင့်
လယ်ယာထွက်ကုန်ပစ္စည်းအပြင် ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ လက်မှုအနုပညာပစ္စည်းများ၊
မြန်မာအမျိုးသမီးများ စီးပွားရေးကွန်ရက်မှ MSME လုပ်ငန်းများမှ ထုတ်ကုန်အမယ်သစ် များ
ပါဝင်ပြသကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments:
Post a Comment