၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅ဝ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။ နိုင်ငံတကာထုတ်စာအုပ်စာစောင်များမှ ကောင်းနိုးရာရာ ခေတ်မီအကြောင်းရပ်များနှင့် ယခုလအတွက် ဖော်ပြသည့် “ပြည်တွင်းစားသုံးဆီဖူလုံဖို့ နေကြာသီးနှံ တိုးစိုက်စို့” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (နိုဝင်ဘာလ)ကို ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂ဝ၂၄ ခုနှစ် နိုဝင်ဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်တွင် ဒေါက်တာ ခင်မောင်ညို၊ K.M.A တို့၏ “ပြည်တွင်း စားသုံးဆီဖူလုံဖို့ နေကြာသီးနှံတိုးစိုက်စို့” မျက်နှာဖုံးဆောင်းပါးများ၊ နေညိုယဉ်၊ ကောင်းသန့်၊ မောင်ဒီပ(ပညာရေး)၊ ညီညီဖေ၊ ညီမော်သိမ်း၊ နေသူရိန်၊ စန်းနီလာဝင်း၊ ကိုဇော်ဌေး (ယဉ်ကျေးမှု)၊ မြသာဝင်း၊ ထက်ဝေအောင်(စစ်ကိုင်း)တို့၏ လူငယ်ရေးရာဆောင်းပါးများ၊ အေးထွန်းမင်း၊ ဝင်းထွဋ်ဦးတို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်)၏ စီးပွားရေးဆိုင်ရာဆောင်းပါး၊ မောင်ခင်ညို(မန်းတက္ကသိုလ်)၊ နွေကံ့ကော်(မြို့လှ)တို့၏ သဘာဝပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ဆောင်းပါးများ၊ သန့်လွင်ထွန်း(MPA)၏ ကလေးစစ်သားပပျောက်ရေးဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)၏ အကြမ်းဖက်မှုဆိုင်ရာ ဆောင်းပါး၊ မြသိန်း၊ ကိုကိုအောင် (အလုပ်သမား)တို့၏ မူးယစ်ဆေးဝါးဆိုင်ရာ ဆောင်းပါးများ၊ ဒေါက်တာကောင်းစံ၏ လူကုန်ကူးမှုဆိုင်ရာ ဆောင်းပါး၊ ဒေါက်တာမြင့်သန်း၊ မြသဲ(သုတေသန)တို့၏ ကျန်းမာရေးဆိုင်ရာဆောင်းပါးများ၊ ဦးဘသန်း (မဟာဝိဇ္ဇာ)၊ စိန်ဝင်းမော်၊ စိုးစိုး (ပန်းတောင်း)၊ ခင်မောင်အေး၊ ဆောင်းဝင်းလတ်၊ ဒေါက်တာလွင်သန့်၊ မော်(သန်လျင်)တို့၏ ကဗျာ၊ ဟာသ၊ ဝတ္ထုတိုဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ကိုတစ်အုပ်လျှင် ကျပ် ၂၅ဝဝ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်အမှတ် (တ-၅၅) သပြေကုန်းဈေး နေပြည်တော်စာအုပ်ဆိုင် ဖုန်း ၀၉- ၄၄၉၅၄၀၆၆၇၊ ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင်အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး ဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင်အမှတ် (၅၂၉-၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ဝ၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment