Thursday, November 7, 2024

ဒုတိယဝန်ကြီး ဦးအေးကျော် တောင်ကြီးမြို့နှင့် ကလောမြို့တို့ရှိ ၁၃၂ ကေဗွီ ပင်မဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး


 

နေပြည်တော် နိုဝင်ဘာ ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ၁၃၂ ကေဗွီ တောင်ကြီးပင်မဓာတ်အားခွဲရုံသို့ သွားရောက်ပြီး အသစ်တိုးချဲ့တည်ဆောက်နေသည့် ၁၃၂/ ၆၆/ ၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေ ထရန်စဖော်မာနှင့် ၆၆ ကေဗွီ Switch Bay များကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြား၍ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ကလောမြို့ရှိ ၁၃၂ ကေဗွီ ကလောပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဆွစ်ယာဒ်အတွင်း ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တာဝန်ရှိသူများက ၆၆ ကေဗွီ နောင်တရားဓာတ်အားခွဲရုံအသစ်အတွက် Switch Bay အသစ်တိုးချဲ့တည်ဆောက်ရန် စီမံဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်ရှိ ၆၆ ကေဗွီ ရမည်းသင်းဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ခရိုင်လျှပ်စစ်အင်ဂျင်နီယာက ၃၃ ကေဗွီ မြို့မဓာတ်အားခွဲရုံမှ ခရိုင်အတွင်း ဓာတ်အားဖြန့်ဖြူး ပေးထားမှုနှင့် ဓာတ်အားခွဲရုံဆိုင်ရာများ၊ ၆၆ ကေဗွီ ရွှေမြို့-ရမည်းသင်းဓာတ်အားလိုင်းအသစ်နှင့် ဆွစ်ယာဒ်အတွင်း ၆၆ ကေဗွီ ဓာတ်အားခွဲရုံအသစ် တည်ဆောက်ပြီးစီးနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများပြီးစီး၍ ရွှေမြို့ပင်မဓာတ်အားခွဲရုံမှ ပို့လွှတ်လာမည့် ၆၆ ကေဗွီဓာတ်အားကို လက်ခံဖြန့်ဖြူးနိုင်ရေး လိုအပ်သည့်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ထားရှိရန်၊ ဓာတ်အားခွဲရုံနှင့် ရုံးဝင်းအတွင်း သန့်ရှင်းသာယာလှပမှုရှိစေရေး ပုံမှန်ဆောင်ရွက်ထားရှိရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။  

သတင်းစဉ်

No comments:

Post a Comment