နေပြည်တော် နိုဝင်ဘာ ၂၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းက ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည်
လယ်ဝေးမြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ဝန်ကြီးဌာန ကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်း
အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ အမျိုးသားဘော်လီဘောအသင်း
အားကစားသမားများနှင့် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်အသင်း အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း
ကြည့်ရှုအားပေး ကြသည်။
ထိုသို့ ကြည့်ရှုအားပေးစဉ်
ပြည်ထောင်စုဝန်ကြီးက အားကစားသမားများကို ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အသင်းအဖွဲ့စိတ်ဓာတ်၊
အားကစားစိတ်ဓာတ်ဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစား သမားများဖြစ်အောင် အလေးထားကြိုးစားလေ့ကျင့်သွားရန်မှာကြားပြီး
ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကိုယ်စားပြု
အားကစားသမား စုစုပေါင်း ၉၀ သည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အမျိုးသားဘောလုံး၊
အမျိုးသား ဘော်လီဘော၊ အမျိုးသားပိုက်ကျော်ခြင်း၊ အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်နှင့်
အမျိုးသားဂေါက်သီးရိုက်စသည့် အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment