နေပြည်တော် နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် အုန်းနှဲကုန်းကျေးရွာ၌ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၃၅) စက်မှုလယ်ယာစခန်း (ထောက်ကြံ့မြို့) ၌ ကျင်းပသည့် ကောက်ရိုးထုံးစက် (Round Baler)၊ ကောက်ရိုးဖြတ်စက် (Rotary Mulcher)၊ မြေဩဇာပက်ဖျန်းစက် (Fertilizer Spreader) သရုပ်ပြပွဲသို့ တက်ရောက် အားပေးသည်။
အခမ်းအနားတွင်
ဒုတိယဝန်ကြီးက ကောက်ရိုးထုံးစက် (Round Baler) သုံးစွဲခြင်းဖြင့် ရိတ်သိမ်းပြီး ကျန်ရှိနေသော
လယ်ကွင်းအတွင်းရှိ ကောက်ရိုးပြတ်များကို အရည်အသွေးမဆုံးရှုံးစေဘဲ ဆလင်ဒါပုံစံ ကောက်ရိုးထုံးများ
ထွက်ရှိလာသဖြင့် မွေးမြူရေးအစားအစာအဖြစ် အသုံးချနိုင်ကြောင်း။
ကောက်ရိုးဖြတ်စက်
(Rotary Mulcher) ကို သုံးစွဲခြင်းဖြင့် ရိုးပြတ်များကို သေးငယ်သော အပိုင်းအစများဖြစ်အောင်
အပိုင်းပိုင်းဖြတ်ပေးခြင်းဖြင့် မြေသြဇာများဖြစ်ထွန်းမှု ပိုမိုမြန်ဆန်ပြီး မြေဆီလွှာကို
ပိုမိုကောင်းမွန်စေကြောင်း၊ နောက်ထပ်စိုက်ပျိုးမည့်သီးနှံအား အချိန်မီစိုက်ပျိုးရန်
ထယ်ရေး၊ ထွန်ရေး ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြောင်း။
မြေဩဇာ ပက်ဖျန်းစက်
(Fertilizer Spreader) ကိရိယာကို အသုံးပြုခြင်းဖြင့် လက်ဖြင့်ကိုင်၍ ကြဲပက်ရန် မလိုခြင်းကြောင့်
ကျန်းမာရေးထိခိုက်မှု သက်သာစေခြင်း၊ မြေသြဇာအား လိုအပ် သလောက် ထိရောက်နှံ့စပ်စွာ၊ ပမာဏညီမျှစွာ
ကြဲပက်သုံးစွဲနိုင်သဖြင့် အလေအလွင့်နည်း၍ ကုန်ကျစရိတ် သက်သာနိုင်ကြောင်း၊ မြေသြဇာ သုံးစွဲမှုပမာဏ
လျှော့ချနိုင်သဖြင့် မြေဆီလွှာ ပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်းနှင့် သီးနှံအပင်များအား
အာဟာရဓာတ်များ အညီအမျှရရှိစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း
ဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာ
ကြသည့် ဒေသခံတောင်သူများ၏ ထွန်ယက်သည်မှ ရိတ်သိမ်းချိန် အထိ လယ်ယာသုံး စက်ကိရိယာများသုံးစွဲမှုကွင်းဆက်တစ်လျှောက်
လိုအပ်သည့် အခက်အခဲများ၊ စိုက်ပျိုးရေရရှိမှုအခြေအနေ၊ မျိုးစေ့နှင့် ဓာတ်မြေဩဇာလိုအပ်ချက်စသည့်
လယ်ယာကဏ္ဍ ဆိုင်ရာများ မေးမြန်းဆွေးနွေးရာ ဒုတိယဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်
ပေါင်းစပ် ညှိနှိုင်းပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး
ဦးစီးမှူးများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်
ဒေသခံတောင်သူများနှင့်အတူ သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment