နေပြည်တော် နိုဝင်ဘာ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ ဦးစီးအရာရှိ ၂၀ တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
ဆက်လက်၍ လေ့လာရေးအဖွဲ့သည်
နေပြည်တော် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းစာတိုက်များနှင့် နေပြည်တော်ပုံနှိပ်စက်ရုံတို့၌
ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သတင်းစာလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
No comments:
Post a Comment