Tuesday, October 1, 2024

Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်

နေပြည်တော် စက်တင်ဘာ ၃၀

နေ၊ ဂြိုဟ်တုနှင့် TVRO (စလောင်း) တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံ အချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင် () ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင်တစ်ကြိမ် ကြုံတွေ့ရလေ့ရှိ၍ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO (စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ် မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိသည်။ Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များသည် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ရက်အထိ နေ့စဉ် () မိနစ်မှ (၁၈) မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ် နိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment