နေပြည်တော် အောက်တိုဘာ ၂၂
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့မွန်းလွဲပိုင်း တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
တွေ့ဆုံစဉ် တက္ကသိုလ် Master Plan အတိုင်း ဆောင်ရွက်မှု၊ ပြည်တွင်းနှင့် နိုင်ငံတကာသုတေသန
ပရောဂျက်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအခြေအနေတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ
ဖြည့်စွက်မှာကြားကာ လိုအပ်မှုအခက်အခဲတင်ပြချက်များအပေါ် ဖြေရှင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေး
တစ်တပ်တစ်အား အထောက်အကူပြုမည့် အရည်အသွေးစံမီ လူငယ် IT ပညာရှင်ကောင်းများကို မွေးထုတ်ပေးရန်၊
တိုးတက်ပြောင်းလဲမှု မြန်ဆန်နေသော Digital Transformation ဆိုင်ရာ IT နည်းပညာအရွေ့တို့
နှင့်အတူ အမီလိုက်ပါနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ Smart Agriculture၊ Cyber
Security၊ E-commerce နှင့် Industrial Engineering တို့တွင် AI(Artificial
Intelligence)ကို လက်တွေ့ကျကျ အသုံးချနိုင်ရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊
ပြည်သူများကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သော စွမ်းရည်မြင့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး
အလေးထားကျင့်ကြံဆောင် ရွက်သွားရန် တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စမ်းသပ်ခန်း များတွင် IT သုတေသနပရောဂျက် ဆောင်ရွက်နေမှု
များကို ကြည့်ရှုအားပေးကာ အားကစားခန်း၊ ကျောင်းသားအိပ်ဆောင်သစ်နှင့် တက္ကသိုလ်ဥပဓိရုပ်
တင့်တယ်ရေးနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ
ပြည်သူ့အကျိုးသယ်ပိုးနိုင်မည့် ထူးချွန်ထက်မြက်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ
ပျိုးထောင်ပေးနိုင်ရေးအတွက် ဝန်းကျင်ကောင်းများ ဖော်ဆောင်ပေးရန် မှာကြားခဲ့သည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment