Tuesday, October 8, 2024

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့အတွင်း ရေများပြန်လည်ကျဆင်းနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု

 


လွိုင်ကော် အောက်တိုဘာ

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းတွင် ရေဝင်ရောက်လျက်ရှိသည့် ကန္ဒရဝတီတံတား၊ သီရီမင်္ဂလာ(ယာယီ)ဈေး၊ ဒေါနိုးကူးတံတား၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းကျောင်းပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့်နေရာများ၌ ရေများပြန်လည်ကျဆင်းနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန္ဒရဝတီတံတား၌ ရေများပြန်လည်ကျဆင်း၍ စည်ပင်သာယာရေးအဖွဲ့များက အမှိုက်များဆယ်ယူနေမှု၊ သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ်က ရေများပြန်လည် ကျဆင်းသွားပြီဖြစ်၍ ပြည်သူများသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်တံတားကြံ့ခိုင်ရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများအမြန်ဆုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် သီရီမင်္ဂလာ(ယာယီ)ဈေးအတွင်း ရေများပြန်လည်ကျဆင်းသွားသည့် ဈေးဆိုင်ခန်း များတွင် ပြန်လည်ဖွင့်လှစ်ရောင်းချနေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး ဈေးသူ၊ ဈေးသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ကြီးချုပ်က ပြည်သူများ ဈေးရောင်းဝယ်ဖောက်ကားရာတွင် အဆင်ပြေစေရေးအတွက် ယာယီဈေးအတွင်း သန့်ရှင်းရေး၊ စနစ်တကျနေရာချထားရေးနှင့် အမြန်ဆုံးပြန်လည်ဖွင့်လှစ် ရောင်းချနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေါနိုးကူးရပ်ကွက်၊ ဒေါနိုးကူးတံတားသို့သွားရောက်ကာ တံတားနှင့်တံတားပတ်ဝန်းကျင်၌ ဘီလူးချောင်းရေ ပြန်လည်ကျဆင်းနေမှုအခြေအနေများနှင့် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းဝန်း အတွင်းရေများ ပြန်လည်ကျဆင်းနေမှုများကို သွားရောက်ကြည့်ရှုခဲ့ပြီး ရေများအားလုံး ကျဆင်းသည်နှင့် ရပ်ကွက်နေပြည်သူများအား ချက်ချင်းနေရာပြန်လည်ချထားပေးနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းများပြန်လည်တက်ရောက်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင် စီမံဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက်နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ မင်းကျောင်း ပရိယတ္တိစာသင်တိုက်နှင့် မြို့လယ်မီးပွိုင့်နေရာများတစ်လျှောက် ရေများပြန်လည် ကျဆင်းနေ သည့် အခြေ အနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းများ၊ အဆောက်အအုံ ပျက်စီးမှုပြုပြင်ခြင်းနှင့် လမ်းတံတားပျက်စီးမှု ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment