နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယခင်နှစ် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာရောက်သူများဖြင့် နေ့စဉ်မပြတ် စည်ကားလျက်ရှိသည်။
ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့
ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရန် စတင်ဖွင့်လှစ်ပေးခဲ့သည့် ဩဂုတ်လ
၈ ရက်နေ့မှစ၍ ဘုရားဖူးပြည်သူအများအပြားနေ့စဉ် လာရောက်ဖူးမြော်ကြည်ညိုကြရာ ယနေ့ထိ ဘုရားဖူးလာသူ
ပြည်သူနှစ်သန်းကျော်အနက်မှ ၂၀၂၄ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာရိုးရာယဉ်ကျေးမှု
ဆို၊ က၊ ရေး၊ တီး၊ ပြိုင်ပွဲ အခြေခံပညာ (၁၅-၂၀) စန္ဒယားအတီးပြိုင်ပွဲ (ဧရာဝတီတိုင်း)
မှ ပြိုင်ပွဲဝင်လာရောက်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှ မကေဇော်ရှင်းသန့်သည်
ဦးရေနှစ်သန်းပြည့်ကံထူးသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့
လာရောက်ဖူးမြော်ကြသူများအနက် ဦးရေနှစ် သန်းပြည့်မြောက်သူအဖြစ် လာရောက်ဖူးမြော်သည့်
မကေဇော်ရှင်းသန့်နှင့် မိဘဖြစ်သူများအား ဘုရားကြီး ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီးမုခ်ဦးတွင်
ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မကေဇော်ရှင်းသန့်နှင့် မိဘများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်
မာရဝိဇယဗုဒ္ဓဥယျာဉ်အတွင်းရှိ ကျောက်စာရုံစေတီတော်များ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၊
ဂန္ဓကုဋိတိုက်များ၊ မုစလိန္ဒကန်၊ နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊ သုဓမ္မာဇရပ်များအား
လှည့်လည်ဖူးမြော်ကြည်ညိုကြသည်။
ယင်းနောက် ယာယီရှင်းလင်းဆောင်၌
ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မာရဝိဇယ ရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အဦများ
တည်ထားကိုးကွယ်မှုဆိုင်ရာများနှင့် ဦးရေ နှစ်သန်းမြောက် ဘုရားဖူးပြည်သူဖြစ်လာရသည့်အကြောင်းအရင်းကို
ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဦးဆောင်ဘုရားဒါယကာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်၏ လမ်းညွှန်မှုနှင့်အညီ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဦးရေနှစ်သန်းမြောက်
ဘုရားဖူးပြည်သူ မကေဇော်ရှင်းသန့်အား ဓမ္မလက်ဆောင်အဖြစ် ဉာဏ်တော် ၉ လက်မအမြင့်ရှိသော
စကျင်ကျောက်ဖြင့် ထုဆစ်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ ဆင်းတုတော်
တစ်ဆူ၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မှန်ဘောင်သွင်း ဓာတ်ပုံတစ်ပုံ၊ မာရဝိဇယဗုဒ္ဓ
ရုပ်ပွားတော်မြတ်ကြီးသမိုင်းကြောင်းစာအုပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။



No comments:
Post a Comment