Thursday, October 17, 2024

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် ဆီမီး(၁၀၀၀)ပူဇော်ပွဲ ကျင်းပ

 

နေပြည်တော် အောက်တိုဘာ ၁၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ်မြောက် ဆီမီး(၁၀၀၀)ပူဇော်ပွဲကို ယနေ့သီတင်းကျွတ်လပြည့်နေ့ ညနေ (၁၈:၀၀) နာရီ အချိန်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအနီးရှိ ပြည်တော်အေးစေတီတွင် ကျင်းပပြုလုပ်ခဲ့သည်။



အဆိုပါ ဆီမီးပူဇော်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပြည်တော်အေးစေတီတော်ရင်ပြင်နှင့် စေတီပစ္စယံများပေါ်တွင် ဆီမီးခွက်များကို တစ်ပြိုင်နက်ထွန်းညှိပူဇော်ကြသည်။

ထို့နောက် ဝါသနာရှင်ဝန်ထမ်းများက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

ဇော်ဖြိုး(ပြန်ဆက်)

No comments:

Post a Comment