မြိတ်
အောက်တိုဘာ ၁၄
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို နိုင်ငံတစ်ဝန်းတွင် အောက်တိုဘာ (၁)ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြိတ်မြို့တွင် စာရင်းစစ်/စာရင်းကောက်များမှ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်များတွင် စာရင်းကောက်ယူ ဆောင်ရွက်နေသည့် ပြည်သူများ၏ နေအိမ်သို့ ယမန်နေ့နေ့လယ်ပိုင်းက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်သူများအား ၄င်းတို့၏နေအိမ်တွင် စာရင်းစစ်/စာရင်းကောက်များမှ
သန်းခေါင်စာရင်းဆိုင်ရာ အိမ် အကြောင်းအရာ မေးခွန်းများနှင့် လူဦးရေဆိုင်ရာ အချက်အလက်
မေးခွန်းများမေးမြန်း၍ Tablet အသုံးပြုကာ စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိသည့် ကန်ဖျားရပ်ကွက်
စာရင်းကောက်နေအိမ်များသို့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အဖွဲ့သည် ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး
စာရင်းကောက်အဖွဲ့နှင့်ပြည်သူများအား ဝန်ကြီးချုပ်မှ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြပြီး
တာဝန်ရှိသူများအား လိုအပ်သည်များကို လုပ်ငန်းလမ်းညွှန်မှာကြားသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊
စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့်
လူဦးရေဆိုင်ရာ ကိန်းကဏန်း အချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ကာ အိမ်ထောင်စုများ၏ လူဦး ရေဆိုင်ရာအချက်အလက်များနှင့်
အိမ်အကြောင်းအရာအချက်အလက်များ မေးမြန်းကောက်ယူခြင်းဖြစ်သည်။
မြိတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင်
ပြည်သူများအား သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြိတ်ခရိုင်နှင့် မြိတ်မြို့နယ်
သန်းခေါင်စာရင်းကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ်၍ စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ယူဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ(၁)ရက်နေ့မှ ယနေ့အထိ ကောက်ကွက်(၄၃၀)ကျော်၊
အိမ်ထောင်စုပေါင်း(၅၃၅၄၂)စု၊ လူဦးရေပေါင်း(၂၄၄၃၄၁)ဦးကို စာရင်းကောက်ယူ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း
မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
No comments:
Post a Comment