နေပြည်တော် အောက်တိုဘာ ၅
ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေအတွင်း စာရင်းစစ်၊ စာရင်းကောက်များက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးသည်
ဥတ္တရသီရိမြို့နယ် ဇဝနသိဒ္ဓိရပ်ကွက်နှင့် သစ်ဝင်တိုင်းကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်နှင့်
မင်္ဂလာဒီပရပ်ကွက်တို့သို့ သွားရောက်ပြီး ရပ်ကွက်/ ကျေးရွာ ကောက်ကွက်များအလိုက် မြို့နယ်စာရင်းစစ်၊
စာရင်းကောက်များက တစ်အိမ်တက်ဆင်း လှည့်လည် ကာ Mobile Tablet များဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများ
မေးမြန်းကောက်ယူနေမှုနှင့် ဒေသခံပြည်သူများ စိတ်ဝင်တစား ပြန်လည်ဖြေကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ
လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး
နှုတ်ဆက် သည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်
အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ကောက်ယူဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ကောက်ကွက်ပေါင်း ၂၆၅၆ ကွက်ကို
စာရင်းစစ်၊ စာရင်းကောက် ၁၃၁၇ ဦးက တက်ညီလက်ညီဖြင့် သန်းခေါင်စာရင်းဆိုင်ရာမေးခွန်းများကို
Mobile Tablet များဖြင့် တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment