Tuesday, October 15, 2024

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/ အားကစားရုံ များ ကြည့်ရှုစစ်ဆေး



ရန်ကုန် အောက်တိုဘာ ၁၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံသည် ဧရာဝတီတိုင်း ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ မိုးလုံလေလုံအားကစားခန်းမကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်ရှိ အားကစားကွင်း မီတာ (၄၀၀) မြေသားလမ်းပါ ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်ကို သွားရောက်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြား သည်။

မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း /အမှုထမ်းများနှင့်တွေ့ဆုံ၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနဖြစ်သည့်အတွက် အားကစား ကဏ္ဍတွင်သာမက လူငယ်ရေးရာကဏ္ဍများပါ ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများသည် အားကစား နှင့် ကာယပညာသိပ္ပံကျောင်း တည်ဆောက်ခြင်း၏ အဝင်မုခ်ဦး၊ အုတ်တံတိုင်း၊ ခြံစည်းရိုး၊ (ပေ ၁၃၀၀ x ၇ ပေ) နှင့် (၅၇၃၉ ပေ x ၇ ပေ) ကာရံခြင်း၊ မိုးလုံလေလုံအားကစားရုံ ပေ (၁၂၀ x ၉၀) တည်ဆောက်နေသည့်လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီပြီး သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ ကြောင်း သိရသည်။     

သတင်းစဉ်

No comments:

Post a Comment