မြစ်ကြီးနား အောက်တိုဘာ ၄
(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဘာသာရပ်အလိုက် စခန်းသွင်း လေ့ကျင့်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့ညနေ ၅ နာရီအချိန်က ဗဟိုအဆင့် ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင် ရေးအတွက် ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးနှုတ်ဆက်ခဲ့ကြသည်။
ထိုသို့ ပြည်နယ်ကိုယ်စားပြု
ပြိုင်ပွဲဝင်များအား လိုက်ပါနှုတ်ဆက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊
ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဗဟိုအဆင့်
ပြိုင်ပွဲဝင်ရန် ပထမအသုတ်အဖြစ် သွားရောက်ကြမည့် အုပ်ချုပ်သူများ၊ ချင်းတိုင်းရင်းသားရိုးရာအက
အဖွဲ့ဝင်များ၊ ကဗျာလွတ်အကအဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲဝင်ဦးရေ (၇၀)ကျော်တို့အား ၎င်းတို့၏
မိဘများနှင့်အတူ လေဆိပ်၌ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်ကစည်းကမ်းရှိရှိဖြင့် အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြရေး၊ ကျန်းမာရေးကို
အထူးဂရုစိုက်ကြရေးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်များနှင့်
ချစ်ခင်ရင်းနှီးစွာဖြင့် ပညာချင်းဖလှယ်ကြရန် လိုကြောင်း အားပေးမှာကြားခဲ့ပြီး
ပြိုင်ပွဲဝင်များအား မုန့်နှင့် ရေသန့်ဘူးများကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။
ကချင်ပြည်နယ်အနေဖြင့်
(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊
အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့်
ပြိုင်ပွဲကို မြစ်ကြီးနားမြို့၌ (၁၂-၉-၂၀၂၄)ရက်နေ့မှ (၁၄-၉-၂၀၂၄)ရက်နေ့အထိ ကျင်းပပြုလုပ်
ခဲ့ကြပြီး လက်ရွေးစင်များကို ရွေးချယ်ကာ မြစ်ကြီးနားမြို့ရှိ ဘက်စုံအားကစားခန်းမ
သုံးထပ်ဆောင် တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်
စခန်းသွင်းလေ့ကျင့်ထားရှိကြောင်းနှင့် ယနေ့ သွားရောက် ကြမည့်ပြိုင်ပွဲဝင်များသည်
ပထမအသုတ်ဖြစ်ပြီး ဒုတိယအသုတ်အဖြစ် အောက်တိုဘာလ ၁၇ ရက်နေ့ တွင် ထပ်မံစေလွှတ်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း
သိရသည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment