နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အဖွဲ့ဝင် မန်းငြိမ်းမောင် ဟင်္သာတမြို့ ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေနှင့်
ကမ်းပြို၊ ကမ်းစားအခြေအနေများ ကြည့်ရှုစစ်ဆေး
ပုသိမ်
အောက်တိုဘာ ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေနှင့် ကမ်းပြိုကမ်းစားအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ဟင်္သာတမြို့နယ် ဇရပ်ကွင်းကျေးရွာအုပ်စု သင်္ဃန်းတောကျေးရွာ၌လည်းကောင်း၊ လေးမျက်နှာမြို့
အမှတ်(၃)ရပ်ကွက်၌လည်းကောင်း တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်း ကောက်ယူနေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ် စတုမုခထူပါရုံစေတီတော်
ကမ်းပြိုကာကွယ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိပြီး ကမ်းထိန်းလုပ်ငန်းများ
ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍
ငါးသိုင်းချောင်းမြို့ သဘော့ကုန်းကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူနေမှုကိုလည်းကောင်း၊
ငါးသိုင်းချောင်းမြို့ ကျောက်ချောင်းကျေးရွာရှိ တောင်သူ ဦးအောင်မျိုးထက်၏ စိုက်ဧက
၅ ဒသမ ၈၅ ဧကတွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်စက်များဖြင့် အစားထိုး
ပြန်လည်စိုက်ပျိုးနေမှုများကိုလည်းကောင်း၊ ငါးသိုင်းချောင်းမြို့ ရှေ့ဆောင်ရပ်ကွက်၌
သန်းခေါင်စာရင်းကောက်ယူနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ထို့နောက်
ကျုံပျော်မြို့နယ် အားကစားခန်းမ၌ ပြုလုပ်သည့်တွေ့ဆုံပွဲသို့တက်ရောက်၍
နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်က ပြည်သူများအနေဖြင့် မိမိတို့ကျရာ အခန်းကဏ္ဍ၌
မိမိတို့တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများဖြင့်
နိုးကြားသောအသိ၊ နိုးကြားသောသတိဖြင့် ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း
ပြောကြားသည်။
ယင်းနောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နိုင်ငံတော်
စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက
ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ မျိုးစပါးနှင့်သွင်းအားစုများ
ထောက်ပံ့ပေးအပ်ကြသည်။
ထို့နောက်
ကျုံပျော်မြို့နယ် ရွာသစ်ကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်၏ စိုက်ဧက ၃ ဒသမ ၅ ဧကတွင်
GW-11 စပါးမျိုး စံကွက်ရိတ်သိမ်းနေမှုကိုလည်းကောင်း၊ ကျောင်းကုန်းမြို့နယ်
ပန်းတောရိုးကျေးရွာရှိ တောင်သူ ဦးအောင်မျိုးသန်း၏ စပါးပျက်စီး စိုက်ဧက ၁၇ ဧကနှင့်
တောင်သူ ဦးမင်းမင်းဦး၏ စိုက်ဧက ၁၀ ဧကတွင် ဆင်းသုခစပါးမျိုးကို ကောက်စိုက်သမများ၊ drum
seeder များဖြင့် စိုက်ပျိုးနေမှုကိုလည်းကောင်း
ကြည့်ရှုအားပေးပြီး ကောက်စိုက်သမများကို စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment