Tuesday, October 1, 2024

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၇) သင်တန်းဖွင့်

နေပြည်တော် စက်တင်ဘာ ၃၀

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၇) ၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အမှာစကားပြောကြားရာတွင် အခြေခံပညာ ဆရာ ဆရာမများ၏ ပညာရေးလုပ်ငန်းတာဝန်များကို ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် တည်တည်ငြိမ်ငြိမ် မှန်မှန်ကန်ကန်ဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်မွေးထုတ်နိုင်စေရန် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါကြောင်း။

သင်ကြားသင်ယူရေးလုပ်ငန်းများကို စေတနာ၊ ဝါသနာ၊ အနစ်နာဆိုသည့် နာ()နာ အရင်းခံပြီး အမျိုးသား ပညာရည်မြင့်မားရေးအတွက် ဆောင်ရွက်ကြရန်၊ သင်တန်းမှရရှိမည့် အသိပညာ၊ အတတ်ပညာများကို လုပ်ငန်းခွင်တွင် လက်တွေ့ပြန်လည်အသုံးချနိုင်အောင် လေ့လာသင်ယူပြီး စိတ်ဓာတ်၊ စည်းကမ်းခံယူချက်နှင့် ယုံကြည်ချက်များ ပိုမိုခိုင်မာလာသည့် နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများဖြစ်အောင် ပြုမူနေထိုင်ကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၈၁ ဦး၊ သင်တန်းသူ ၃၀၂ ဦး၊ စုစုပေါင်း ၃၈၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment