ပုသိမ် အောက်တိုဘာ ၁၄
၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဖိတ်ခေါ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲကို ယမန်နေ့ညပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပရာ ပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခင်နှစ်ကလည်း ကာယဗလမောင်ပြိုင်ပွဲနှင့်
ကာယအလှမယ်ပြိုင်ပွဲအား ပြုလုပ်ခဲ့ပါကြောင်းနှင့် ယခုနှစ်ပြုလုပ်သည့် ဖိတ်ခေါ်ကာယဗလနှင့်
ကာယကြံ့ခိုင်မှုပြိုင်ပွဲသည် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့
ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ ကာယဗလအားကစားတွင်
မျိုးဆက်သစ်များ ထပ်မံပေါ်ထွက်ရေးအတွက်လည်း ရရှိသည့်အချိန်တွင် ထပ်မံမွေးထုတ်ပေးနိုင်ရေး
ကြိုးစားဆောင်ရွက်ရန်လိုပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်
အားကစားနည်း (၂၃)မျိုးအား ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါကြောင်း၊ ပဉ္စမအကြိမ်မြောက်
အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မျိုးဆက်သစ်အားကစားသမားများရှာဖွေဖော်ထုတ်၍
စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်းနှင့် စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း၌လည်း
ပြိုင်ပွဲတွင်အောင်မြင်မှုများရရှိရေး ကြိုးစားလေ့ကျင့်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်မည့်
အားကစားနည်းများအလိုက် အားကစားတာဝန်ခံများကိုလည်း တာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊
ယခုပြိုင်ပွဲတွင် ဒိုင်အဖွဲ့ဝင်များအနေဖြင့်လည်း သမာသမတ်ရှိရှိဖြင့် ဘက်လိုက်မှုမရှိဘဲ
အကဲဖြတ်အမှတ်ပေးရန်ပြောကြားလိုပါကြောင်းနှင့် တိုင်းဒေသကြီးအတွက် ဂုဏ်ယူနိုင်မည့် အားကစားသမားများအဖြစ်
ရွေးချယ်နိုင်ရန်လိုပါကြောင်း အမှာစကားများပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်
(၆၀)ကီလိုတန်း၊ (၆၅)ကီလိုတန်း၊ (၇၀)ကီလိုတန်း၊ (၇၅)ကီလိုတန်းနှင့် (၇၅)ကီလိုတန်းအထက်
ကာယဗလမောင်ပြိုင်ပွဲအားလည်းကောင်း၊ Men Sport Physique ပြိုင်ပွဲအားလည်းကောင်း၊ အမျိုးသမီး
Model Physiqueဖြင့်သရုပ်ပြသခြင်းများနှင့် Mix Model Physique ဖြင့် သရုပ်ပြသခြင်းများအားလည်းကောင်း
ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ၆၀ ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့်
ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ ၆၅ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့်
ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ၇၀ ကီလိုတန်းကာယဗလမောင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့်
ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ၇၅ ကီလိုတန်း ကာယဗလမောင်
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား
တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊
အမျိုးသမီးကာယကြံ့ခိုင်မှုသရုပ်ပြခဲ့သူများအား ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း၊ ၇၅ ကီလိုတန်းအထက် ကာယဗလမောင်ပြိုင်ပွဲနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင်
ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ၊ အကဲဖြတ်ဒိုင်များအတွက်
ဂုဏ်ပြုဆုငွေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း
ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment