Tuesday, October 22, 2024

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၁၀၀ ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အား ထောက်ပံ့ငွေပေးအပ်

 


နေပြည်တော် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ စိန်ပန်းရပ်ကွက် ဂွမ်းရုံဈေးရပ်နေ မော်ကွန်းဝင် ဒုတိယအဆင့် တပ်သားချစ်မောင် (အငြိမ်းစား) အသက် ၁၀၀ အား ဂါရဝပြု သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေများ ပေးအပ်ကြသည်။

ဦးစွာ မော်ကွန်းဝင် ဒုတိယအဆင့် တပ်သားချစ်မောင် (အငြိမ်းစား) အား ဂါရဝပြုနှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်မှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀၊ မန္တလေးတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀ နှင့် မဟာအောင်မြေမြို့နယ်မှ ထောက်ပံ့ငွေကျပ် ၅၀၀၀၀ ကို ဂါရဝပြု ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment