Wednesday, October 9, 2024

ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ် ထုတ်လွှင့်မည်

နေပြည်တော် အောက်တိုဘာ ၈

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ပြည်သူ့ကြားကပြည်သူ့စကားအစီအစဉ်မှ အစိုးရရဲ့ကမ်းလှမ်းမှုမှာ PDF တွေ ဘာဆက်လုပ် သင့်လဲခေါင်းစဉ်ဖြင့် အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့မွန်းလွဲ ၁ နာရီတွင် တိုင်းပြည် တည်ငြိမ်မှာကို မလိုလားသူများက သန်းခေါင်စာရင်းကောက်ခံသူတွေကိုဒုက္ခပေးနေ ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉ဝ၉၉၅၈၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment