နေပြည်တော် အောက်တိုဘာ ၁၀
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ဦးစွာ ဒုတိယဝန်ကြီးက
နိုင်ငံတော်ဖွံ့ဖြိုးရေး တစ်တပ်တစ်အား အထောက်အကူပြုနိုင် မည့်လေကြောင်းနှင့် အာကာသပညာဆိုင်ရာ
အင်ဂျင်နီယာများကို မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၇)နှင့်အညီ မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်၊
ပြည်သူ့အကျိုးပြု အင်ဂျင်နီယာ လူငယ်ကောင်းများ ပေါ်ထွန်းလာရေး ကျောင်းသားများ ဗလငါးတန်နှင့်
ပြည့်စုံရေး၊ အင်ဂျင်နီယာပညာ ဒဿနအမြင်၊ အသိပညာဆန်းစစ်လေ့လာတွေးခေါ်မှု၊ ကျင့်ဝတ် လိုက်နာမှုစသော
အင်ဂျင်နီယာအရည်အချင်းများ ပြည့်ဝစေရေးအတွက် ပျိုးထောင်ပေးရန်၊ သုတေသနကွန်ရက်များကို
စနစ်တကျဖွဲ့စည်းကာ နိုင်ငံ့အကျိုးပြု သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်နေသော
ရပ်ဝန်းကောင်းဖြစ်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းမှာကြား ကာ ဝန်ထမ်းများ၏
အခက်အခဲလိုအပ်ချက် တင်ပြမှုများအပေါ် ဖြေရှင်းဖြည့်ဆည်းပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည်
လေကြောင်းနှင့် အာကာသပညာပြခန်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ လူထုအခြေပြု
ပရဟိတရန်ပုံငွေ “ယဉ်ကျေးဖလှယ် စုပေါင်းညီညာ၊ ဤကမ္ဘာ” အစီအစဉ်ဖြင့် လှူဒါန်းထားသည့်
ကမ္ဘာ့ပထမဆုံးအာကာသယာဉ်မှူးဖြစ်သည့် ယူရီ ဂါဂါရင် အထိမ်းအမှတ်ရုပ်တုနှင့် Vostoak
1 အာကာသယာဉ်ဆိုင်ရာ ပြသထားမှု၊ ကျောင်းသား များ၏ လေကြောင်းနှင့် အာကာသဆိုင်ရာ သုတေသနများနှင့်
အခြားပြသထားမှုများ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ဘောလုံးကွင်းနှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး
ဆောင်ရွက် ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယဝန်ကြီး သည် အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ ရောက်ရှိပြီး ပထမ နှစ်
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများ၏ Drawing ဘာသာရပ်နှင့် ပထမနှစ်
မြို့ပြအင်ဂျင်နီယာ ကျောင်းသား ကျောင်းသူများ ၏ Building Material and
Construction ဘာသာရပ်တို့ကို စိတ်ရွှင်လန်းချမ်းမြေ့စွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်နှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထား ရှိမှုအခြေအနေတို့ကို
ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည်
ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ
ကျောင်းအုပ်ကြီး၏ Master Plan ရှင်းလင်းတင်ပြမှုအပေါ် ဇုန် အလိုက် ပြင်ဆင်ဆောင်ရွက်ရန်များကို
မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စာမေးပွဲ ဖြေဆိုမှုပြီးစီး၍ ပြန်လည်ထွက်ခွာလာကြသည့်
ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ဖြေဆိုနိုင်မှုအခြေအနေများကို
မေးမြန်းကာ နိုင်ငံတော်ကို အမှန်တကယ် အလုပ်အကျွေးပြုနိုင်သည့် နည်းပညာရည်ပြည့်ဝသော
ပညာရှင်လူငယ်ကောင်းများ ဖြစ်စေရေး ရည်မှန်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment