Tuesday, October 1, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၁၁) သင်တန်းဖွင့်


ရန်ကုန် စက်တင်ဘာ ၃၀

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၂၁၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပါမောက္ခချုပ် ဦးကျော်ထွေးက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ကြသည်။

စာရေးဝန်ထမ်း သင်တန်း အမှတ်စဉ် (၂၁၁) သို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ သင်တန်းသား ၁၀၉ ဦး၊ သင်တန်းသူ ၂၂၃ဦး စုစုပေါင်း ၃၃၂ ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ စက်တင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment