ကော့သောင်း အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦး အပါ အဆောက်အဦတည်ဆောက်သည့်လုပ်ငန်းနေရာနှင့် ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံးသစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်ရှိ ကော့သောင်းမြို့ မြို့မဆိပ်ကမ်းနေရာ၌
တည်ဆောက်လျက်ရှိသော အပြည်ပြည်ဆိုင်ရာနယ်စပ်အဝင်/အထွက် ဂိတ်မုခ်ဦးအပါ အဆောက်အဦတည်ဆောက်သည့်
လုပ်ငန်းနေရာသွားရောက်ခဲ့ရာ လုပ်ငန်းတည်ဆောက်ရေးအား တာဝန်ယူဆောင်ရွက်နေသည့် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေး
ကုမ္ပဏီမှတာဝန်ရှိသူများက (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့်
ဆောင်ရွက်သည့်ကော့သောင်းမြို့ အပြည်ပြည်ဆိုင်ရာ နယ်စပ်အဝင်/အထွက်ဂိတ် မုခ်ဦးအပါ အဆောက်အဦတည်
ဆောက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ပုံမှတ်တမ်းများ၊
အဆောက်အဦဆောက်လုပ်မည့် အစီအစဉ်များအားချပြရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက လုပ်ငန်းအဆောက်အဦအား အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်
လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လုပ်ငန်းခွင်အတွင်း
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်
ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံးသစ်ဆောက်လုပ်နေသည့် အဆောက်အဦနေရာသို့ သွားရောက်ခဲ့ပြီး
နောင်ရိုး မြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများအား ချပြရှင်းလင်းခဲ့ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် အဆောက်အဦအတွင်း
လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment