Sunday, October 20, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

နေပြည်တော် အောက်တိုဘာ ၁၉

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် မေယုလမ်းမြေသားပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆွေးနွေးမှာကြား

ထို့နောက် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက်အတွင်းရှိ အိလက်ရာအသင့်စားဖွယ် စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းခွင်နှင့် ရွှေအင်ကြင်းရပ်ကွက်အတွင်းရှိ ဒေသထွက်ကုန်ကြမ်းမှ အဆင့်မြင့်စားသုံးဆီထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်နေသည့် လင်းစိန်ဆီစက်နှင့် ဆီထုပ်ပိုးမှုလုပ်ငန်းခွင်တို့သို့ ရောက်ရှိပြီး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒေသထွက်ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ဒေသတွင်းသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ကြရန်၊ နေပြည်တော်အတွင်း အလားတူလုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်ရေး အားပေးဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများ ကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ကျီးသဲလေးထပ် ပညာရေးစင်တာ ကျောင်းတိုက် ပဓာနနာယက မဟာဂန္ထဝါစက ပဏ္ဍိတသာသနဓဇဓမ္မာစရိယ ဒေါက်တာ အရှင်စန္ဒာဝရအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment