Tuesday, October 1, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား စက်တင်ဘာ ၃၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ကြိုးစားဆောင်ရွက်

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များကို အောင်မြင်စွာ လိုက်နာအကောင်အထည်ဖော်နိုင်ရေးနှင့် အဓိကရည်မှန်းချက်ဖြစ်သော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် တစ်ဆက်တစ်စပ် တည်းဆောင်ရွက်ရသော လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်း တည်ငြိမ်အေးချမ်းစွာကောက်ယူနိုင်ရေး အလေးအနက်ထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အများပြည်သူနှင့် သက်ဆိုင်သော ဥပဒေ၊ နည်းဥပဒေများအပေါ် နိုင်ငံသားတိုင်း သိသင့်၊ သိထိုက်သည်များကို ကျောင်းသားကလေးအရွယ်မှစတင်၍ ဝန်ထမ်းများ အပါအဝင် အရွယ်ရောက်ပြီးသူတိုင်း သိရှိနားလည်နိုင်ရေး အသိပညာပေးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံသားတိုင်း ဥပဒေကိုလေးစားလိုက်နာပြီး ပိုကောင်းသည့်ပတ်ဝန်းကျင်များကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပွင့်လင်းရင်းနှီးစွာ တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ် () ရပ် အပါအဝင် အောက်တိုဘာ ၁ ရက်မှစတင်၍ ခရိုင်၊ မြို့နယ်များအလိုက် သန်းခေါင်စာရင်းကောက်ယူသွားမည့် အစီအမံများ၊ ဒေသဝမ်းစာဖူလုံရေးအတွက် ဆန်ဖူလုံမှုနှင့် ဒေသတွင်းစားဆီ ဖူလုံရေးအတွက် ငါးနှစ်စီမံကိန်း ချမှတ်ဆောင်ရွက်နေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပထမနှစ်စက်ဝန်းဖြင့် အိမ်ထောင်စု ၃၀၀၀၀ ကျော်ကို ရင်းနှီးမတည်ပေးနိုင်ခဲ့မှု၊ ဒုတိယနှစ်စက်ဝန်းဖြင့် ချေးငွေလည်ပတ်နေမှုနှင့် စက်သုံးဆီနှင့် အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ပစ္စည်းများ တင်သွင်းနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အဆိုပါ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည့် ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍစသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သောကဏ္ဍများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ဖြေရှင်းဆောင်ရွက်ပေး

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဒေသဆိုင်ရာ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများဖွဲ့စည်းပြီး ဘဏ္ဍာနှစ်အလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် ပြည်နယ်ရန်ပုံငွေ၊ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် သက်ဆိုင်ရာလုပ်ငန်းဆပ်ကော်မတီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လျာထားလုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment