နေပြည်တော် အောက်တိုဘာ ၅
ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားခဲ့ပြီး ပေါင်းလောင်းဆည်ရေသောက်စနစ် တူးမြောင်းများနှင့် ရေပေးအဆောက်အအုံအချို့ ရေတိုက်စားထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ဦးစွာ ပေါင်းလောင်းရေလွှဲဆည်
ရေလျှံထိန်း တာပေါင်ရေတိုက်စားမှုကို ယာယီပြုပြင်ဆောင်ရွက် ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး
မိုးရာသီအကုန် ပွင့်လင်းရာသီတွင် မူလဒီဇိုင်းပုံစံ အတိုင်း စနစ်တကျပြန်လည်ပြင်ဆင်နိုင်ရေး
စီမံဆောင်ရွက်ရန် အကြံပြုဆွေးနွေးမှာကြားသည်။
ထို့နောက် မြို့ပတ်လမ်းနှင့်
ပေါင်းလောင်းလက်ယာတူးမြောင်းမကြီး ပေတိုင် ၃၀၀၀ ဆုံသော နေရာတွင် ရာဂီမုန်တိုင်းဒဏ်ကြောင့်
ပျက်စီးသွားသော တူးမြောင်းမကြီးကို စက်ယန္တရားများ အသုံးပြု၍ ပြန်လည်ပြုပြင်နေမှုနှင့်
ပေါင်းလောင်းရေသောက်စနစ်လက်ဝဲတူးမြောင်းမကြီး ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
ထိခိုက်ပျက်စီးမှုမရှိသည့် မိုးစပါးစိုက် ဧကများ စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ပေးသည်။
ယင်းနောက် ရေဆင်းရေလှောင်တမံသို့
ရောက်ရှိ ပြီး ရေလှောင်တမံနှင့် ဆက်စပ်ရေအား အဆောက် အအုံများ၏ ကြံ့ခိုင်မှုအခြေအနေကို
ကြည့်ရှုစစ်ဆေးကာ ရာဂီမုန်တိုင်းအလွန် ထိခိုက်ပျက်စီးမှုမရှိခဲ့သည့် မိုးစပါးစိုက်ဧကများ
စိုက်ပျိုးရေပေးဝေးနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment