ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း
ဦးနိုင်ငံလင်း ထောင်ထဲတွင် ခြေထောက်ကျိုး၍ ဆေးကုသမှုခံယူရသည်ဟု မဟုတ်မမှန်လုပ်ကြံရေးသားဖော်ပြ
နေပြည်တော် အောက်တိုဘာ ၉
Mizzima News in Burmese အမည်ခံ Facebook Page တွင် အောက်တိုဘာ ၃ ရက်က ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း ဦးနိုင်ငံလင်း ထောင်ထဲတွင်ခြေထောက်ကျိုး၍ ဆေးကုသမှုခံယူ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှား မဟုတ်မမှန်လုပ်ကြံရေးသား ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်မှန်အားစိစစ်ရာ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးဟောင်း
အကျဉ်းသား နိုင်ငံလင်းအား အကျဉ်းထောင်သို့ ရောက်ရှိသည်မှစ၍ အဆောင်တာဝန်ကျအရာရှိနှင့်
ဝန်ထမ်းများက စည်းကမ်းတကျ စောင့်ကြပ်ထိန်းသိမ်းထားရှိကြောင်း၊ ၎င်းသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး
ထောင်အတွင်း ချော်လဲခြင်း၊ ခြေထောက်ကျိုးခြင်း၊ စတီးချောင်းထည့်ထားသည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း
သိရသည်။
ထို့ကြောင့် Mizzma Media အမည်ခံ Facebook
Page က ဖော်ပြမှုသည် ပြည်သူအများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားထားခြင်းဖြစ်ပြီး
အကျဉ်းထောင်၏ လုပ်ရိုးလုပ်စဉ်လုပ်ငန်းများကို ထင်ယောင်ထင်မှားဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့်
သတင်းတု၊ သတင်းမှား ဖော်ပြခြင်းသာဖြစ်သည်။
သစ္စာ
No comments:
Post a Comment