ပုသိမ် အောက်တိုဘာ ၈
ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မိမိတို့တိုင်းဒေသကြီးတွင်
ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအားဆောင်ရွက်လျက်ရှိရာ အရှိန်အဟုန်မပျက်ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ကျောင်းကျန်းမာရေးအသိပညာ ပေးလှုပ်ရှားမှုများ၊
ပြည်သူအသိပညာပေးလုပ်ငန်းများကို ယခုထက်ပိုမို ဆောင်ရွက်ရန်လိုပါကြောင်း၊၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊
ရေစီးရေလာကောင်းမွန်ရေး၊ သန့်ရှင်းသော သောက်သုံးရေ
ရရှိသုံးစွဲနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်း
ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများက
အမြန်တင်ပြကြရန်နှင့် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးရန်လိုပါကြောင်းနှင့်
သက်ဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများကပူးပေါင်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း”
အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးကဝမ်းပျက်ဝမ်းလျှောရောဂါနှင့်
ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ဖြစ်ပွားမှုအခြေအနေများ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ
ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍
ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစည်းအဝေးသို့တက်ရောက်လာသူများ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ်
တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


No comments:
Post a Comment