ပန်းတောင်း အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် ပန်းတောင်းမြို့နယ်၊ ကြခတ်ရပ်ကွက်နှင့်
ဒေါင်းမြတ်နားကျေးရွာချင်းဆက်လမ်း ပျက်စီးနေမှုအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး၊
မြို့နယ်အထွေထွေဦးစီးဌာနရုံးတွင် အာဆီယံ အပေါင်းသုံး ဆန်အရံရိက္ခာ (APTERR) အစီစဉ်(၃)အရ
ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်(၃၃၈)အိတ်အား ပန်းတောင်းမြို့နယ်အတွင်းရှိ
ဇူလိုင်လအတွင်း ရေဘေးသင့်ခဲ့သော အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ပန်းတောင်းမြို့၊ ဝန်လိုရပ်ကွက်ရှိ မြို့မစာကြည့်တိုက်
ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ စာပေဝါသနာရှင် ပြည်သူများ စာဖတ်ရှုနေမှုအခြေအနေ၊ စာအုပ်စာစောင်များ
စုဆောင်းထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး စာကြည့်တိုက်အတွက် ကျပ်သိန်း
(၃၀) တန်ဖိုးရှိ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့၍ ဝန်လိုရပ်ကွက်အတွင်း သန်းခေါင်းစာရင်း
ကောက်ယူနေမှု အခြေအနေနှင့်သဘာဝအရသာ ယိုစုံလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နတ်မောက် ကျေးရွာအုပ်စု၊ ရေဝင်ရွာလေးကျေးရွာ၊ တောင်သူ
ဦးကျော်ဝင်း ပိုင်ဆိုင်သော ကွင်းအမှတ် (98) မိုးမြေပဲ+ပဲစင်းငုံ သီးညှပ်စိုက်ခင်း(၅)ဧကတွင်
တစ်ဧက အထွက်နှုန်း(86)တင်းထွက်လျက်ရှိပြီးစိုက်ခင်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း
သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)






No comments:
Post a Comment