နေပြည်တော် အောက်တိုဘာ ၅
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် သရက်တောပရိယတ္တိစာသင်တိုက်၌ ရေဘေးရှောင် နေသော ဘုန်းတော်ကြီးကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၂၆ ကျောင်းမှ ဆရာတော် သံဃာတော်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက သရက်တောပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။
အခမ်းအနားသို့
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊
အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဆက်ကပ်လှူဒါန်း
အခမ်းအနားတွင်
သရက်တောပရိယတ္တိစာသင်တိုက်ပဓာနနာယက၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ရေဘေးရှောင်ကျောင်းတိုက်များမှ
ဆရာတော်ကြီးများကို သင်္ကန်း၊ လှူဖွယ်ဝတ္ထုများနှင့် အရှင်ဂဝမ္ပတိမထေရ်စာအုပ်များကို
ဆက်ကပ်လှူဒါန်းကြသည်။
အနုမောဒနာတရား
နာကြား
ထို့နောက် လယ်ဝေးမြို့
သရက်တောပရိယတ္တိစာသင်တိုက်ပဓာနနာယကဆရာတော်ထံမှ အနုမော ဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်
ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယနေ့အခမ်းအနားတွင်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စေတနာရှင် ရဟန်းရှင်လူများက နေပြည်တော်ကောင်စီနယ်မြေ
လယ်ဝေးမြို့နယ်အတွင်းရှိ သရက်တောပရိယတ္တိစာသင်တိုက် နှင့်ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်း
၂၆ ကျောင်းအတွက် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေကျပ် ၅၆ သိန်း ၅ သောင်း ထောက်ပံ့လှူဒါန်းခဲ့ကြောင်းနှင့်
ယနေ့အချိန်အထိ ရေဘေးရှောင်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းစုစုပေါင်း ၁၇၆
ကျောင်းအတွက် ဝတ္ထုငွေကျပ် ၄၀၃ သိန်း၊ သင်္ကန်း ၁၃၁၃ စုံ၊ ပန်းပေါင်း စုံ ဗုဒ္ဓရုပ်ပွားတော်
၇၀၂ ဆူ၊ ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ တဘက်၊ ဆပ်ပြာမှုန့်
စသည့်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment