Wednesday, October 9, 2024

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် အလှူရှင်များက အစားအစာ၊ အဝတ်အထည်နှင့် စာရေးကိရိယာများလှူဒါန်း

နေပြည်တော် အောက်တိုဘာ ၈

ရေဘေးဒဏ်ခံစားရသောဒေသများအတွက် စင်ကာပူနိုင်ငံ Ma-hakaruna Buddhist Society Singapore Sinhala Buddhist Association နှင့် Willing Hearts Foundation တို့က အစားအစာ၊ အဝတ်အထည်နှင့် စာရေးကိရိယာများ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ကျင်းပရာ ဒုတိယဝန်ကြီး ဦးစိုးကြည်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး လုပ်ငန်းကော်မတီ (နိုင်ငံခြားရေးဝန်ကြီးဌာန) ၏ ညှိနှိုင်းဆက်သွယ်ပေးမှုအရ ဆရာတော် Dr. K. Gunaratana ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ အောက်တိုဘာ ၈ ရက်က ရောက်ရှိပြီး အလှူပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်အတွင်း ရေဘေးသင့်ဒေသများသို့ အလှူရှင်များကိုယ်တိုင်သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment