နေပြည်တော် အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဝသုန္ဒရကျေးရွာအနီးတွင် နွားကျောင်းနေသည့် အသက် ၁၅ နှစ်အရွယ် ကလေး ၁၀ ဦးကို အောက်တိုဘာ ၁၁ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ ရှိရသည်။
အလားတူ
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာအနီးတွင် အောက်တိုဘာ ၁၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ
မိုင်းဆွဲတိုက်ခိုက်ခံရကြောင်းနှင့် အဆိုပါတိုက်ခိုက်ခံရမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ
ဒေသခံပြည်သူ ၂၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဖမ်းဆီးသွားသည်ဟု သတင်းတု၊
သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍
အုတ်ဖိုမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် ဝိုင်းကျေးရွာအနီး
လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့်
ဒေသခံပြည်သူများကိုလည်း ဖမ်းဆီးခဲ့သည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရသည်။
No comments:
Post a Comment