နေပြည်တော် အောက်တိုဘာ ၁၀
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျွန်းတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်တစ်ပါးသည် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ဖာပွန်မြို့နယ်၊
ကျွန်းတောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော် ဘဒ္ဒန္တတေစန္တိယသည်
အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရေပူကျေးရွာဘုန်းတော်ကြီးကျောင်းသို့
သွားရောက်ရာ ရေပူကျေးရွာ၏ အနောက်ဘက် မီတာ ၄၅၀ ခန့်အကွာသို့အရောက် အကြမ်းဖက်သမားများထောင်ထားသည့်
ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာများ
ရရှိခဲ့သည်။
အဆိုပါမိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့်
ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊
အကြမ်းဖက်သမားများသည် အများပြည်သူ ဆက်သွယ်အသုံးပြုလျက်ရှိသည့် လမ်းကြောင်းများတွင်
ယခုကဲ့သို့ မိုင်းထောင်မှုများကြောင့် ခရီးသွားလာရေးတွင် အခက်အခဲများ ဖြစ်ပေါ်စေသဖြင့်
ယင်းလုပ်ရပ်များကို ဒေသခံပြည်သူများက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့်
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို
တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


No comments:
Post a Comment