Tuesday, October 1, 2024

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက ရေဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း


နေပြည်တော် စက်တင်ဘာ ၃၀

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်ရှိ ရေဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါသာသနာ့ဗိမာန်၌ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျေးဇူးတင်စကားပြောကြား

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်သူများ၏ ကြုံတွေ့နေရသောအခက် အခဲများကိုသိရှိပြီး လိုအပ်သည့်ကူညီဖြည့်ဆည်းမှုများကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်တွေ့ဆုံ အားပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး ရေဘေးဒဏ်သင့်ပြည်သူများအတွက် ဆန်၊ ဆီနှင့် ရေသန့်များ ထောက်ပံ့လှူဒါန်းရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က ရေဘေးသင့်ပြည်သူများ ယာယီရေဘေးရှောင်စခန်း၌ စားသောက်နေထိုင်မှု၊ သောက်ရေရရှိရန် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းနေအရွယ်ကလေးများ အမြန်ဆုံးကျောင်း ပြန်တက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထောက်ပံ့ပေးအပ်

ယနေ့ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများက စေတနာထက်သန်စွာဖြင့် အိမ်ထောင်စု ၁၃၀ အတွက် ဆန်၊ ဆီနှင့်ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment