ရွှေတောင် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ရာတွင် ရွှေတောင်မြို့နယ်၊ မဲတောကျေးရွာအုပ်စု၊
မဲတောကျေးရွာရှိ ကွင်းအမှတ် (၄၉၅)ကွင်း၊ ကမ်းတင်ကွင်းအတွင်းရှိ တောင်သူ ဦးစိုးအောင်၏
ဗီယက်နမ် စပါးမျိုး စိုက်ပျိုးထားရှိသည့် လယ်မြေ( ၂.၀၀)ဧကတွင် (၀.၁၀)(၆၆ပေပတ်လည်) စံကွက်ရိတ်သိမ်းခဲ့ရာ
အစိုအထွက်တင်း(၁၄၀.၃၅) တင်းထွက်ရှိမှုအခြေအနေများ၊ မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာအတွင်း
၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများ၊
ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ ကျောင်းသား၊ကျောင်းသူများ
စာပေဖတ်ရှုနေမှုအခြေအနေနှင့် စာအုပ်စာစောင်များ စုဆောင်းထားရှိမှုအခြေအနေများအားကြည့်ရှုအားပေးခဲ့ပြီး
စာကြည့်တိုက်အတွက် ကျပ်သိန်း ( ၃၀) တန်ဖိုးရှိ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ယွန်းတန်းရပ်ကွက်၊ မြောက်ဘုရားကြီးလမ်းရှိ ဦးဝိုင်းတင်
"ရွှေနဂါး" အထည်စက်ရုံတွင် "ခြုံစောင်" စက်ယက္ကန်း ယက်လုပ်နေမှုအခြေအနေ၊ဒေါ်လွင်လွင်ဦး၏
"ကျား" အထည်စက်ရုံမှ ဇာခြင်ထောင်၊ပိတ်စများနှင့်လက်သုတ်ပုဝါ (Tower)များ
ရက်လုပ်လည်ပတ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုနောက် ရွှေတောင်မြို့နယ်ခန်းမ၌ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်
အရန်ရိက္ခာ (APTERR) အစီအစဥ်( ၃) အရ ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်( ၃၂၁)
အိတ်အား ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စု
(၁၀၅၈)စုအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)




No comments:
Post a Comment