တတိယအကြိမ်မြောက်
အေစီဒီထိပ်သီးအစည်းအဝေးအတွင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးသန်းဆွေ ကာဂျစ်ဒုတိယဝန်ကြီးချုပ်၊ နီပေါနိုင်ငံခြားရေးဝန်ကြီးတို့နှင့် ဒိုဟာမြို့၌ သီးခြားစီတွေ့ဆုံ
ဒိုဟာ
အောက်တိုဘာ ၄
တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အောက်တိုဘာ ၃ ရက်က ကာဂျစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ အီဒေးဘိုင်ဆလော့ဗ်နှင့်လည်းကောင်း၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာဒူဘာနှင့်လည်းကောင်း ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ တွေ့ဆုံသည်။
ကာဂျစ်
ဒုတိယဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု
အခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားပြီး မြန်မာ - ကာဂျစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး
ပိုမိုတိုးတက်ခိုင်မာစေရေး၊ ကုလသမဂ္ဂနှင့် အေစီဒီအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများအပါအဝင်
ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ်
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် နီပေါနိုင်ငံခြားရေး ဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနှင့်နီပေါနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု
ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ
မြှင့်တင်ရေး၊ ကျောင်းသားဖလှယ်ရေးအစီအစဉ်များ ဖော်ထုတ်ရေး၊ အေစီဒီနှင့်ဘင်းမ်စတက်မျက်နှာစာတွင်
ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။
ထို့ပြင်
တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများကို တိုက်ဖျက်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ
ပပျောက်ရေးအပေါ် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုများကို ထည့်သွင်းရှင်းလင်း
ပြောကြားခဲ့သည်။
ပူးပေါင်းဆောင်ရွက်ရေး
ထို့ပြင်
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် တတိယအကြိမ်
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ)၏ ထိပ်သီးအစည်းအဝေး
တက်ရောက်ရန် ဒိုဟာမြို့သို့အသွား ဘန်ကောက်မြို့၌
ခရီးတစ်ထောက်ရပ်နားစဉ် အောက်တိုဘာ ၁ ရက်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာရစ်ဆတ်ငီယမ်ဖုန်နှင့် ဘန်ကောက်မြို့ရှိ အင်တာကွန်တီနန်တယ်လ်ဟိုတယ်၌
တွေ့ဆုံခဲ့ပြီး မြန်မာနှင့်ထိုင်းနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊
နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ အေစီဒီ၊ အာဆီယံနှင့်
ဘင်းမ်စတက်မျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်
သွားရေးကိစ္စရပ်များအပေါ် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ဒုတိယဝန်ကြီးချုပ်နှင့်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လာမည့် ၂၀၂၅ ခုနှစ် တွင်
အေစီဒီဥက္ကဋ္ဌအဖြစ် တာဝန်လွှဲပြောင်းထမ်းဆောင်မည့် ထိုင်းနိုင်ငံ၏ အရေးပါသည့်
အခန်းကဏ္ဍအပေါ် ကြိုဆိုကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အတူ
မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမင်းမင်းသည်လည်း ထိပ်သီးအစည်းအဝေး ကာလအတွင်း အောက်တိုဘာ ၂
ရက်က ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ်နှင့်
စီးပွားရေးဆိုင်ရာအစည်းအဝေးများ (B2B Meetings) သို့ တက်ရောက်ကာ စီးပွားရေးဖိုရမ်၌ မိန့်ခွန်းတစ်ရပ်
ပါဝင်ပြောကြားခဲ့သည်။
ဒုတိယဝန်ကြီးက
၎င်း၏မိန့်ခွန်း၌ အေအိုင်/ဉာဏ်ရည်တုနည်းပညာ၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် သက်ဆိုင်သည့်
စီးပွားရေးပုံစံသစ်များနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့သည်။
တက်ရောက်ဆွေးနွေး
အလားတူ
မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးကျော်စိုးမိုး သည် အောက်တိုဘာ ၂ ရက်က ကျင်းပခဲ့သည့် အားကစားဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment