၁။ စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေကို ၂၀၁၉ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၁၅) ဖြင့် ၂၄-၅-၂၀၁၉ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေ များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် (၇၀/၂၀၂၃) ဖြင့် ၂၃-၁၀-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၉)ရက်နေ့မှစတင်၍ စာပေနှင့်အနုပညာလက်ရာများ၊ ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်လျှောက်ထားဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။
၂။ မူလလက်ရာရှင်၊
စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်တစ်ဦးဦးသည်
စာပေနှင့် အနုပညာမူပိုင်ခွင့်အခွင့်အရေး သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးရရှိကြောင်း
ခိုင်လုံသော သက်သေအထောက်အထားရရှိရန် မှတ်ပုံတင်လိုပါက သတ်မှတ်လျှောက်လွှာပုံစံများဖြင့်
မှတ်ပုံတင် အရာရှိ၊ မူပိုင်ခွင့်ဦးစီးဌာနသို့ လျှောက်ထားနိုင်ပါသည်။
၃။ စာပေနှင့်အနုပညာလက်ရာများ၊
ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းလိုပါက
ရုံးအမှတ်(၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၊ ဖုန်းနံပါတ်-၀၆၇-၄၃၀၅၉၄
(မူပိုင်ခွင့်ဦးစီးဌာန) သို့ ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
No comments:
Post a Comment