နမ့်စန်(တ) စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်း ဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယမန်နေ့နံနက် ၄ နာရီခန့်မှစတင်၍ ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းလူနေအိမ်များအတွင်း ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့
အမှတ်(၁)ရပ်ကွက် မြေနိမ့်ရာနေရာများ၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ် (၄)ရပ်ကွက်
ချောင်းဘေးရှိနေရာများရှိ လူနေအိမ်များအတွင်း ရေများအဆက်မပြတ်ဝင်ရောက်နေမှုကြောင့်
နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးတင်ကျော်ဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်
ပြည်သူများက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများကို ရေလွတ်ရာနေရာများသို့
ပြောင်းရွှေ့ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ
နမ့်လတ်ချောင်းရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများ စာရင်းကောက်ယူခြင်းနှင့်
ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
သူရအောင်(နမ့်စန်)
No comments:
Post a Comment