မုံရွာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် အတူ ယမန်နေ့နံနက်ပိုင်းက မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန်နှင့် မြစ်ချောင်းများအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးနိုင်ရန် အတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်ရှိ အသေးစားငါးသားဖောက်စခန်းသို့ ရောက်ရှိကြသည်။
ဦးစွာ
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ငါးသားဖောက်စခန်း တာဝန်ရှိသူများမှ
အောင်ချမ်းသာရပ်ကွက်ရှိ အသေးစားငါးသားဖောက်စခန်း၌ ငါး သားဖောက်လုပ်ငန်းများ ဆောင်ရွက်နေမှု
အခြေအနေများ၊ ကန် (၁၆) ကန်အတွင်း ငါး သားပေါက်များ မွေးမြူထားရှိမှု အခြေအနေများနှင့်
ငါးသားပေါက်များအား စနစ်တကျ အစာကျွေးမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ငါးသားဖောက်လုပ်ငန်းများအား
စနစ်တကျဖြင့် ရှင်သန်ကြီးထွား အောင်မြင်အောင် အလေးထားဆောင်ရွက်ရေး၊ ငါးသားဖောက်စခန်းမှ
ထွက်ရှိလာသည့် ငါးသားပေါက်များအား တစ်ပိုင်တစ်နိုင်မွေးမြူလိုသည့် ငါးမွေးတောင်သူများအား
ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချရေး၊ ငါးကန်ပတ်ဝန်းကျင်များအား သန့်ရှင်းသပ်ရပ်အောင်
အမြဲဂရုပြု ဆောင်ရွက်သွားရေးနှင့် ဒေသအတွင်း ငါးရိက္ခာဖူလုံစေရေးကို အထောက်အကူပြုနိုင်သည်အထိ
အောင်မြင်အောင် မွေးမြူကြရန် မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ်
ဆောင်ရွက်ပေးခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ငါးသားဖောက် စခန်းအတွင်းရှိ ငါးသားပေါက်များ မွေးမြူထားရှိမှုများအား
လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊
တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့ ရောက်ရှိရာ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံစဥ်
တိုင်းဒေသကြီးဝန်ကြီးချုပ်က အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့
နယ်/ရပ်ကွက်/ကျေးရွာများတွင် ၂၀၂၄-ခုနှစ်၊
လူဦးရေနှင့်အိမ်အကြောင်းအရာသန်း ခေါင်စာရင်း ကောက်ယူသွားမည့် လုပ်ငန်းများအား
အလေးထားကာ အောင်မြင်အောင် ဆောင်ရွက်သွားရေးတို့အား မှာကြားပြီး နောက်ရုံးဝန်းအတွင်း
ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံစိုက်ခင်းများ
စိုက်ပျိုးထားမှုနှင့် ဘဲများမွေးမြူထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးမီးသတ်ဦးစီးဌာနရုံးသို့
ရောက်ရှိရာ သဘာဝဘေးနှင့်မီးလောင်မှုများ ဖြစ်ပွားလာပါက အရေးပေါ်ခေတ်မီ မီးငြှိမ်းသတ်ရေး
မော်တော်ယာဉ်များ၊ ကူညီကယ်ဆယ်ရေးမော်တော် ယာဉ်များ၊ မီးငြိမ်းသတ်ရေးဝတ်စုံများနှင့်
ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်းထားကာ သဘာဝဘေးအတွက် အသင်ပြင်ဆင်ထားမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး
တပ်ဖွဲ့ဝင်များအား သဘာဝဘေးများ ဖြစ်ပွားလာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများအား
အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အမြဲအသင့်သတိရှိစွာဖြင့်
တာဝန်ထမ်းဆောင် သွားကြရန်တို့အား မှာကြားပြီးနောက် မီးသတ် ရုံးဝန်းအတွင်း စားဖိုဆောင်သီးနှံစိုက်ခင်း
ဆောင်ရွက်ထားမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးသို့
ရောက်ရှိပြီး သဘာဝဘေးများ ဖြစ်ပေါ်လာပါက အသင့်သိုလှောင်ထားရှိသည့်
ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး သိုလှောင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး ဝန်ထမ်းအိမ်ရာအတွင်း
ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထားရှိမှုများအား
လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)



No comments:
Post a Comment