နေပြည်တော် စက်တင်ဘာ ၁၁
နိုင်ငံရေးပါတီတည်ထောင်လိုသူများက ၎င်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၁၇ ဖွဲ့ရှိပြီး လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၁၄ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။
အဆိုပါ
တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၄ ပါတီအနက် ဦးကြင်ဝမ်းခေါင်းဆောင်သည့်
လူမှုစီးပွားမြှင့်တင်ရေးပါတီက ပါတီတည်ထောင်ခွင့်ပြုသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၃၀
အတွင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ ယနေ့တွင်
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားလာသည်။
ယင်းသို့
မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၁၄ ပါတီအနက် ပါတီ ၁၁ ပါတီကို
မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်ပါတီများကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment