Friday, September 27, 2024

ကျောက်ဆည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်လှစ်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအာင် တက်ရောက်အားပေး

 





ကျောက်ဆည် စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ရှိ မင်္ဂလာမုဒ်ဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောက်ဆည်မြို့ပေါ်ရှိ အခြေခံပညာကျောင်းနှင့်ကိုယ်ပိုင် ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တည်ထောင်အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဘင်ခရာအဖွဲ့က တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုကာကြိုဆိုသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးဖွင့်ပွဲတွင် ပါဝင်ဖျော်ဖြေကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်သည်။

ဒုတိယပိုင်းအခမ်းအနားကို ကျောင်းခန်းမတွင် ဆက်လက်ကျင်းပရာ ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အလှဆုံးပန်းများ ပွင့်ကြပြီသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ နိုင်ငံ့အကျိုးတွက် မျှော်မှန်းရည် ခိုင်မာတိုးတက်စေရမည် Video Clip ပြသသည်။ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က အမှာစကားပြောကြားသည်။

၎င်းနောက် ကျောက်ဆည်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့သီချင်းဖြင့် သီဆိုဖျော်ဖြေ ကာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောက်ဆည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုအေးကလက်ခံရယူသည်။

ဆက်လက်၍ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက လောက အားမာန်သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများကဘက်စုံပညာကိုရည် တို့လှမ်းချီ သီချင်းဖြင့်လည်းကောင်း အသီးသီးဧည့်ခံဖျော်ဖြေပေးကြသည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းခန်းမအသီးသီးရှိ ကလေး စာဖတ်ခန်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကလေးပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲ၊ မြှားပစ်ပြိုင်ပွဲ၊ ဂိုးကျဉ်းသွင်း၊ ဗူပေါင်းဖေါက်၊ ဘောလုံးဖေါက်ပြိုင်ပွဲများ၊ အာလူးကောက်၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ၊ ဗန်းရွက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်၊ စက်ဝိုင်းလှည့်ပြိုင်ပွဲများ၊ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် ဆင်ရုပ်ချိုးအနာပညာပြခန်း၊ ခရိုင်အသေးစား စက်မှုလက်မှုဦးစီးဌာနပြခန်း၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဆရာ အတတ်သင်ကာ လိပ်ပြခန်း၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာ အထက်တန်း ကျောင်းပြခန်း၊ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းပြခန်း၊ ကိုယ်ပိုင်မူလတန်းကျောင်းများပြခန်း၊ ဇီဝနည်းပညာသုတေသနဦးစီးဌာနပြခန်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

No comments:

Post a Comment