မုဒုံ
စက်တင်ဘာ ၂၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ် (၈) နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ် (၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်
ပြည်နယ်ဝန်ကြီးချုပ်က တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု
အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို
အကောင်အထည်ဖော်ဆောင်ရေးအတွက် ဘက်စုံပညာရေးကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို
အိမ်တွင်းမှုသင်တန်းများကိုလည်း စဥ်ဆက်မပြတ်ဖွင့်လှစ်သင်ကြားပေးနေကြောင်း၊ သင်တန်းသူများအနေဖြင့်လည်း
တတ်မြောက်ပြီးသည့် ပညာရပ်များကိုအသုံးချ၍ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ
မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင်ကြရန်
သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်
ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းများတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်း
အောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ သင်တန်းကျောင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ဝန်ကြီးများက သင်တန်းသူများ ချုပ်လုပ်ထားသည့် လက်ရာများကို
လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း
ပညာသင်တန်းကျောင်း(မုဒုံ)ကို ၂၀၀၅ ခုနှစ် မေလမှစတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ အခြေခံအိမ်တွင်းမှုသင်တန်း
၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်း ၃၇ ဦး၊
ဟင်းလျာသင်တန်း ၉ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း ၂၅၄ ဦး၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်း
၉၄ ဦး စုစုပေါင်း သင်တန်းသူ ၂၅၂၂ ဦးကို မွေးထုတ်သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း
သိရသည်။








No comments:
Post a Comment