ပဲခူး စက်တင်ဘာ ၁၃
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၊ အောင်သုခဆေးကုသဆောင်၌ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့တက်ရောက်တို့ ချီးမြှင့်ပေးခဲ့သည်။
အဆိုပါ
စုပေါင်းသွေးလှူဒါန်းပွဲတွင် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်
ဦးဆောင်၍ တိုင်းတပ်ဖွဲ့မှူးရုံး၊
တိုင်းအကူရဲတပ်ဖွဲ့ခွဲ၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ရဲတပ်ဖွဲ့နှင့် ပဲခူးမြို့နယ်မြေအတွင်းရှိ
သတင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ အမှတ် (၁)
လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့မှ တပ်ဖွဲ့ဝင် အမှုထမ်းအရာထမ်း စုစုပေါင်း(၉၇)ဦးတို့က စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်
ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက
ကြက်ဥ၊ အာဟာရမုန့်များ၊ အအေးဗူးများနှင့် သွေးအားပြည့်ဆေးဝါးများကို
ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)



No comments:
Post a Comment