Friday, September 13, 2024

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟန်မြင့်မိုရ်၊ မြို့ကြီး၊ ရွာငံ၊ အောင်ပန်းလမ်းမှ ပြတ်တောက်ခဲ့သည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်



ကျောက်ဆည် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ စက်တင်ဘာ(၁၀)ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ဇော်ဂျီမြစ်ရေများ လျှံတက်ခဲ့သောကြောင့် စက်တင်ဘာ(၁၁)ရက် နံနက် (၁၁)နာရီ အချိန်တွင် ဟန်မြင့်မိုရ်၊မြို့ကြီး၊ရွာငံ၊အောင်ပန်းကားလမ်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လမ်းပိုင်း တစ်နေရာ ရေတိုက်စားပြတ်တောက်ခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့် ပြတ်တောက်ခဲ့သည့် လမ်းပိုင်းသည် ဟန်မြင့်မိုရ်၊ မြို့ကြီး၊ ရွာငံ၊ အောင်ပန်း လမ်း၏ သံရွာကျေးရွာနှင့် ကင်းကျေးရွာကြားတွင်ဖြစ်ပွားခဲ့ပြီး အလျား(၃၀)ပေ၊ အမြင့်(၁၅)ပေခန့် ရှည်လျားကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေးအမြန်ကောင်းမွန်ရေး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ကျောက်ဆည်ခရိုင်အဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သက်မောင်(ကျောက်ဆည်)

No comments:

Post a Comment