ကျိုင်းတုံ
စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် နမ့်လပ်ချောင်းကူးတံတား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက် တွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မိုးရွာသွန်းမှုကြောင့်
နမ့်လပ်ချောင်းရေတိုက်စား၍ ကျိုးကျပျက်စီးခဲ့သည့် ကျိုင်းတုံ-လွိုင်မွေသွားကားလမ်း၊
နမ့်လပ်ကွန်ကရစ်ချောင်းကူးတံတားအား အများပြည်သူ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေး ဘေလီတံတားဆောင်ရွက်နေမှုကို
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက
သွားရောက်ကြည့်ရှုပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက်
လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက်
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ်
နောင်ကုန်ရွာအဝင်လမ်း၊ မြို့တော်ခန်းမ၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့်
ယာယီခိုလုံရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှု၍ ထောက်ပံ့ငွေများပေးအပ်ပြီး
လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင်
ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျိုင်းတုံမြို့နယ်အတွင်း
မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူ ၅၁၇ ဦးအတွက် ဆန်ရိက္ခာများထောက်ပံ့ပေးပြီး
ရေဘေးသင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ် ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ
ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်
(ပြန်/ဆက်)
No comments:
Post a Comment