ကြံခင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တွင် မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် ရေဝင် ရောက်သည့် နေအိမ်များအား စေတနာရှင်များမှ လှူဒါန်းသော ထမင်းထုပ်နှင့် ရေသန့်ဘူးများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့် စေတနာရှင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယမန်နေ့တွင်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘက်ရဲမြို့၊ အမှတ် (၁)နှင့် အမှတ်(၂)ရပ်ကွက်များ
အတွင်း ရေဝင်ရောက်နေအိမ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး
သောင်းထွဋ်လွင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကို၊ နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊
အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများနှင့် ဆေးဝါရာဇာလူမှုကူညီရေးအသင်းတို့
ပူးပေါင်းပြီး ကြံခင်းမြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များက လှူဒါန်းသော
ထမင်းထုပ် ၁၀၄၁ ထုပ်နှင့် ရေသန့်ကတ် ၅၀ ကို နေအိမ်များအရောက် လိုက်လံလှူဒါန်းခဲ့ကြောင်း
သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)

No comments:
Post a Comment