တပ်ကုန်း စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မိုးရွာသွန်းမှူကြောင့် နဝင်းချောင်းရေမြင့်တက်၍၊
ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇
ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄
လမ်းသွားတံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဥ်းကပ်လမ်းမြေသား) ၄ ပေခန့်
ရေစီးတိုက်စားသွားသဖြင့် ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းလူ/ ယာဥ် သွားလာ၍
မရသည့်အတွက် တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှ ယာဉ်များ သွားလာလျက်ရှိကြောင်း သိရှိရသည်။
တင့်တင့်ခိုင်
No comments:
Post a Comment