မြစ်ကြီးနား စက်တင်ဘာ ၁၃
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊
အက၊ အရေး၊ အတီး ပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်
တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စီးပွားရေးရာဝန်ကြီး
ဦးမျိုးဆွေ၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းရင်းသားရေးရာဝန်ကြီး
ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက်
ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့
တိုင်းပြည်၏ သမိုင်းကြောင်းရှည်လျားသည့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊
အမျိုးသားရေး စရိုက်လက္ခဏာများ အရှည်တည်တံ့စေရန် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံးက
ကျရာကဏ္ဍ မှတက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊
ယနေ့ မြန်မာ့ရိုးရာယဉ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ
ကျင်းပခြင်းသည်လည်း တစ်မျိုးသားလုံးပါဝင်ဆောင်ရွက်ကြသည့် အဆင့်အမြင့်ဆုံး
အမျိုးသားရေး အားထုတ်မှုတစ်ရပ်လည်းဖြစ်ပါကြောင်း၊ ထို့အပြင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်
တိုင်းရင်းသားအသီးသီးတို့၏ ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊
ကိုယ်ပိုင်အနုသုခုမပညာရပ်များသည် သမိုင်းနှင့်ချီပြီး ကြီးကျယ်ခမ်းနားစွာ
တည်ရှိခဲ့ပြီးဖြစ်သည့် အတွက် အဆိုပါစာပေယဉ်ကျေးမှု၊ ဓလေ့ထုံးစံများနှင့်
အစဉ်အလာများကို လျော့နည်းပပျောက်ခြင်း မရှိအောင် အားလုံးက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားရမည်ဖြစ်ပါကြောင်း၊
ယနေ့ ပြည်နယ် အဆင့်တွင် ယှဉ်ပြိုင်ကြမည့် မြို့နယ်အသီးသီးမှ
အနုပညာရှင်မောင်မယ်များထဲမှ ဗဟိုအဆင့်ပြိုင်ပွဲ အတွက် အရည်အသွေးပြည့်မီသူများကိုသာ
စိစစ်ရွေးချယ်သွားမည်ဖြစ်သည့်အတွက် ပြည်နယ်ဂုဏ် ဆောင်အနုပညာရှင်များအဖြစ် မှတ်တမ်းတင်
ဂုဏ်ပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တန်ဖိုးမဖြတ်နိုင်သည့် မိမိတို့တိုင်းရင်းသားရိုးရာယဉ်ကျေးမှု
အမွေအနှစ်များကို ပျောက်ကွယ်မသွား စေရေး မျိုးချစ်စိတ်ဓာတ်၊
ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက် ကြရန်
တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍
ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ပြည်နယ်အဆင့်ပြိုင်ပွဲ
အဆင့်အတန်းမီစွာ အောင်မြင်ချောမွေ့စွာ ကျင်းပပြုလုပ်နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှု
အခြေအနေများနှင့် ဗဟိုအဆင့်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသူများ အား
စိစစ်ရွေးချယ် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး
ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊
ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်
ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊
ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ၏ နည်းပြအုပ်ချုပ်သူများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ
ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြိုင်ပွဲ
ပထမနေ့ အစီအစဉ်အဖြစ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊
ရွှေကူမြို့နယ်တို့မှ ပြိုင်ပွဲဝင်များက ပြိုင်ပွဲအမျိုးအစားအလိုက်၊ အသက်အုပ်စုအလိုက်၊
ဘာသာရပ်အလိုက် အဆို၊ အက၊ အတီးတို့တွင် ပြိုင်ပွဲဝင်ဦးရေ (၅၀)ကျော်တို့၏ ယှဉ်ပြိုင်မှုကို
ဒိုင်အဖွဲ့ဝင်များ အကဲဖြတ်အမှတ်ပေးခြင်း၊ ဌာနဆိုင်ရာများ၊
နည်းပြအုပ်ချုပ်သူအဖွဲ့အစည်းများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ
ကြည့်ရှုအားပေးခြင်းတို့ဖြင့် ကျင်းပလျက်ရှိကြသည်။
အဆိုပါ ၂၀၂၄
ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊
အရေး၊ အတီးပြိုင်ပွဲ ကချင်ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲကာလ
(၃)ရက်တာကာလအတွင်း အသက်အုပ်စုအလိုက်၊ ပြိုင်ပွဲအမျိုးအစားအလိုက်၊ ဘာသာရပ်(၅၆)မျိုးတို့တွင်
မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူမြို့နယ်များမှ
ပြိုင်ပွဲဝင်ဦးရေ စုစုပေါင်း(၁၅၇)ဦးတို့က ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဘာသာရပ်အလိုက်
ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ထိုက်တန်စွာ ဂုဏ်ပြုချီး မြှင့်သွားမည်ဖြစ်သည့်အပြင်
ဗဟိုအဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက်ကိုလည်း တစ်ပါ တည်း ရွေးချယ်၍
စခန်းသွင်းလေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီ ထံမှ
သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment