ရန်ကုန် စက်တင်ဘာ ၁၁
ရာဂိမုန်တိုင်းအရှိန်ကြောင့်
နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့်ဒေသများတွင်
မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း
ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့်
ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက်လျက်ရှိသည်။ သို့ပါ၍ ပျဉ်းမနားမြို့နယ်အတွင်း
ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ
အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြပါရန်
နှိုးဆော်တိုက်တွန်းထားသည်။
သတင်းစဉ်
No comments:
Post a Comment