Friday, September 13, 2024

သာစည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွား

 


သာစည် စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၀ ရက်နေ့မှ ယနေ့ အထိ   မိုးရေချိန်(.၆၆)လက်မရွာသွန်းခဲ့မှုကြောင့် ၁၆၃၀၁ ဧက ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ကြောင်း သာစည်မြို့နယ်မြေစာရင်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့်  ကျေးရွာအုပ်စုပေါင်း(၄၅)အုပ်စု၊ ကွင်းပေါင်း (၁၉၁)ကွင်း၊ တောင်သူပေါင်း(၅၇၁၆)ဦး၊ ဦးပိုင်ပေါင်း(၈၀၃၉)ဦးပိုင် တွင်မိုးစပါး(၄၁၈၄)ဧက၊ မိုးဝါ (၁၂၂၀)ဧက၊ ပဲတီစိမ်း(၂၆၄၁)ဧက၊ကျွဲ နွားစာ(၆၅၇)ဧက၊ ဟင်းသီးဟင်းရွက်(၇၆၂)ဧက၊ ပဲစဉ်းငုံ (၁၂၆၉)ဧက၊ နေကြာ(၃၃၈)ဧက၊ ငရုတ်(၃၅၂၆)ဧကနှင့် နှံစားပြောင်း(၁၄၃၇)ဧက၊ မြေပဲ(၂၆၂)ဧက၊ သစ်သီးပင်()ဧက၊ စုစုပေါင်း(၁၆၃၀၁)ဧက ရေလွှမ်းမိုးမှု ဖြစ်ပေါခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment